Serum နဲ့ Essence ရဲ့ ကွာခြားချက်က ဘာဖြစ်မလဲ ?
ရိုးရိုးရှင်းရှင်း ပြောပြရမယ်ဆိုရင် Serum ရဲ့ texture က သိပ်သည်းဆများများနဲ့ အရည်ပျစ်ပြီး Essence ကတော့ သိပ်သည်းဆ နည်းနည်းနဲ့ အရည်ကျဲတဲ့ texture ရှိတာကို ဆိုလိုပါတယ်။ Serum တွေထဲမှာလည်း သိပ်သည်းဆ နည်းနည်းနဲ့ ထုတ်လုပ်ထားတဲ့ Serum တွေ ရှိသလို Esssence တွေထဲမှာလည်း သိပ်သည်းဆများတဲ့ Essence တွေ ရှိတာမို့လို့ texture ပေါ်မူတည်ပြီး သပ်သပ်ခွဲထုတ်ဖို့ကျ ခက်ပါတယ်။
Essence က Skin, Toner လိမ်းပြီး နောက်အဆင့်မှာ အသုံးပြုလေ့ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ Essence က Skin နဲ့ Toner ထက် အရည်နည်းနည်း ပျစ်တာကြောင့်ပါ။ Serum ကိုတော့ Essence သုံးပြီး နောက်အဆင့်မှာ သုံးပြီး Serum ရဲ့ သိပ်သည်းဆက Essence ထက် ပိုများတာကြောင့် ဖြစ်ပါတယ်။
သိပ်သည်းဆ ကွာဟချက်က ပါဝင်တဲ့ ပစ္စည်း ကွာတာကြောင့်နဲ့လည်း သက်ဆိုင်သွားပါတယ်။ Essence က Serum နဲ့ စာရင် သိပ်သည်းဆကိုမြှင့်မားစေတဲ့ ဓာတ်တွေ ပါဝင်မှု နည်းပြီး Serum ကကျတော့ Essence နဲ့ စာရင် သိပ်သည်းဆကို မြှင့်တင်ပေးတဲ့ ဓာတ်တွေ ပိုမို ပါဝင်ပါတယ်။ Essence နဲ့ Serum နှစ်ခုလုံးက အသားအရေကို ကျန်းမာစေပြီး ကောင်းမွန်တဲ့ ဓာတ်တွေ ပါဝင်ပေါင်းစပ်ထားတာကြောင့် အသားအရေအတွက် စွမ်းဆောင်နိုင်စွမ်းကတော့ နှစ်ခုလုံးမှာ ကွာခြားချက် သိပ်မရှိဘူးလို့ မြင်လို့ရပါတယ်။
ဒါပေမဲ့ Serum နဲ့ Essence ကို ရွေးချယ်တဲ့အခါမှာ ဂရုစိုက်သင့်တဲ့အချက်က မိမိ အသားအရေကို လှုံ့ဆော်တာဖြစ်ဖြစ် အလာဂျစ်တွေ ဖြစ်လာတာမျိုးဖြစ်ဖြစ် ဝက်ခြံထွက်နိုင်တဲ့ ဓာတ်တွေ ရှိနေမနေဆိုတာကို သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ဓာတ်တွေ ပါဝင်ပေါင်းစပ်ထားတယ် ပြောပြော အသားအရေကို လှုံ့ဆော်တာမျိုး၊ အလာဂျစ်ဖြစ်လာတာမျိုး၊ ဝက်ခြံထွက်စေနိုင်တဲ့ဓာတ်တွေ ပါဝင်နေတယ်ဆိုရင်တော့ အဲ့ ထုတ်ကုန်ကို ရပ်တန့်သင့်ပါတယ်။
Serum နဲ့ Essence ရဲ့ ကွာခြားချက်က အရေးကြီးတယ်ဆိုတာထက် Serum နဲ့ Essence မှာ ဘယ်လို ဓာတ်တွေက ဘယ်လိုတွေ ပေါင်းစပ်ပါဝင်ထားလဲဆိုတာကို သိပြီး ခွဲတတ်ဖို့က ပိုပြီး အရေးကြီးပါတယ်။
ပျိုမေလေးတို့လေးရော ဘယ်လို ဓာတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Serum Essence ကိုအသုံးပြုနေကြလဲ ? မင်မင်ကတော့ Serum နဲ့ ဆင်တူ product line ထဲမှာ ရှိတဲ့ Farm Stay ကထုတ်တဲ့ Ceramide Firming Facial Ampoule ကို အသုံးပြုနေပါတယ်နော်။